ဂရိတ်ဟော်ခမ်းမှ မီးသတ်ယာဉ်လှူဒါန်း

Sai Ohn Myint

ဂရိတ်ဟော်ခမ်းမှ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်၊ ဒေသခံပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် ဒေသအတွင်း လျှပ်စစ်ဓါတ်အားဖူလုံမှုကို အထောက်အပံ့ဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မူဆယ်မြို့နှင့် ၆ ကီလိုမီတာ အကွာဝေးတွင် တပ်ဆင်စက်အင်အား ၂၀ မဂ္ဂါဝပ်ရှိ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ B.O.T စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

ကုမ္ပဏီသည် စီမံကိန်း၏ရည်ရွယ်ချက်၊ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုမူဝါဒ စသည်တို့နှင့်အညီ စီမံကိန်းအနီးရှိ စွမ်စော်ရပ်ကွက်၊ ခူးဝိန်းနယ်မြေအတွက် စုစုပေါင်းတန်ဘိုး ကျပ်သိန်းနှစ်ရာ့လေးဆယ် (၂၄,၀၀၀,၀၀၀ ကျပ်) ရှိသော ဂါလံ ၁၂၀၀ ဆန့်၊ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံထုတ်၊ Dong Feng အမျိုးအမည် မီးငြိမ်းသတ်ယာဉ် မော်တော်ယာဉ် အမျိုးအစား (Model: CY 4100 Q)၊ မီးသတ်ယာဉ် တစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့စခန်းတွင် ထားရှိအသုံးပြု ရန် ဂါလံ ၆၀၀၀ ဆန့်၊ သံရေဒိုင်ကီတစ်လုံးကို လည်းကောင်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဉီးစိုင်းခွန်ကျော်နှင့် ဒါရိုက်တာအဖွဲ့ဝင်များတက်ရောက်ပြီး၊ စွမ်စော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးစိုင်းကာခမ်း၊ နယ်မြေမှူး ဉီးစိုင်းလှကျော်တို့ဉီးစီးသော “စွမ်ဖွေးဆုန်” အရန်မီးသတ်တပ်ဖွဲ့ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။